HIna matsuri


Posted on 12:29 AM by garfield0031 and filed under | 0 Comments »

အရုပ်ပွဲတော်

ချမ်းအေးလွန်းတဲ့ဆောင်းကာလကျော်လွန်ပြီးနောက် နွေးနွေးထွေးထွေးနဲ့လှပတဲ့ နွေဦးရာသီ
ရောက်ရှိလို့လာပါသည်။နှစ်စဉ်၃လပိုင်း၃ရက်နေ့သည် အရုပ်ပွဲတော်ဟုခေါ်တွင်သည့် ဂျပန်
မိန်းကလေးငယ်များ၏ အပျော်ရွှင်ဆုံးပွဲတော်နေ့ဖြစ်ပါသည်။ထိုနေ့တွင် အိုဟိနစမ ဟုခေါ်သော
ဘုရင်ရုပ်များ၊မယ်တော်ရုပ်များသည့်လူရုပ်ကလေးများ ကိုမွမ်းမံပြင်ဆင်ကြသည်။မိန်းကလေးများ
အားလုံးရိုးရာဝတ်စုံများကို ၀တ်ဆင်ပြီးသူငယ်ချင်းများနှင့် အတူ အိုဟိနစမ မယ်တော်ရုပ်များရှေ့မှောက်
သို့လာကြ၍ စားကောင်းသောက်ဖွယ်များစားလိုက်စကားပြောလိုက်နှင့်ပျော်ရွှင်စွာနေ ကြပါသည်။ဟိန
ပွဲတော်သည် ရှေးနှစ်ပေါင်းများစွာကပင်တရုတ်ပြည်မှဆင်းသက်လာသည့်ပွဲတော်ဖြစ်သည်။တရုတ်ပြည်
၌ ကလေးတစ်ယောက်မွေးဖွားလျှင် ကျန်းကျန်းမာမာ ကြီးပြင်းစေရန်အလို့ငှာလူရုပ်ကလေးများပြုလုပ်
၍ ဆုတောင်းခဲ့ကြောင်း၊၎င်းဓလေ့သည် ဂျပန်ပြည်သို့ ခန့်မှန်းချေ ဟေးအိအန်ချော ဟုခေါ်သည့်
နှစ်(၄၀၀ မှ ၇၉၄) အတွင်းဆင်းသက်ရောက်ရှိလာခဲ့ဟန်တူသည်။ထိုအချိန်က လူရုပ်ကလေးများကို
ဝါးဖြင့်ပြုလုပ်ပြီး စက္ကူကီမိုနိုကို ၀တ်ဆင်ပေးခဲ့ကြသည်။ ထိုမှတဖြည်းဖြည်းပြောင်းလဲလာပြီး ယနေ့
ခေတ်ကဲ့သို့ မိန်းကလေးနေ့ (သို့) အရုပ်ပွဲတော်ဖြစ်လာပါသည်။အရုပ်ပွဲတော်ကို မက်မုံပွဲတော်ဟု
လည်းခေါ်ကြသေးသည်။ရှေးဟိနပွဲတော်သည် နှစ်ဟောင်းပြက္ခဒိန်၏ ၃ရက်ထက်ခန့်မှန်းချေ
တစ်လနောက်ကျနေ၏။ထိုအချိန်၌ နိုဟာရာ၌လည်း မက်မုံပန်းများသည် လှပစွာပွင်းလင်းလာသော
ကြောင့် မက်မုံပွဲတော်ဟု ခေါ်ကြပုံပေါ်ပါသည်။

Posted on 9:14 PM by garfield0031 and filed under | 0 Comments »

hina matsuri


Posted on 2:59 AM by garfield0031 and filed under | 0 Comments »

hello

hello
Posted on 2:56 AM by garfield0031 and filed under | 0 Comments »
ိစိတ်ထဲမှာမကျေနပ်တာလေးပြောချင်လို.
လှည်းတန်းမီးပွိုင်.ကိုကျော်ပြီးအင်းစိန်ဘက်ကိုကားစီးသွားရတိုင်း
ဒေါသထွက်ရတယ်။မင်းတို.တော့ကြုံဘူးလားမသိဘူး။
ကလေးတစ်ယောက်တက်လာပြီးစာ၇ွက်ကလေးတွေဝေတာလေ။
သားအဖေဘာဖြစ်လို.ညာဖြစ်လို.ဆေးကုဖို.ဆိုပြီရေးထားတယ်။
ပြီးတော.မှစာရွက်လေးနဲ.အတူပိုက်ဆံလာသိမ်းတာလေ.........
မင်းတို.တော့မသိဘူးကျွန်တော်တော.တော်တော်ဒေါသထွက်တယ်
သနားကြပါ။ထမင်းဆာလို.စသည်ဖြင်.တောင်မပြောတော.ဘူး။
အချောင်လိုက်တာ။ကြောတာ။ကျွန်တော်တော.လုံးဝမသနားဘူး။ပေးလည်းမပေးဘူး။
လာပေးတဲ.စာရွက်ကိုလည်းယူမထားဘူး။သူတို.လေးတွေဆီမှာ
အချာင်လိုက်ချင်တဲ့စိတ်တွေရှိသွားမှာစိုးလို.။ပါးစပ်နဲ.ပြောပြီးတောင်းတဲ.
လုံ.လတောင်မထုတ်တော.ဘူး။သနားတတ်တဲ.သူတွေပေးတာကမ်းတာတွေဟာ
သူတို.ကိုအထောက်အကူပေးတာမဖြစ်ပဲအကျင်.ဖျက်သလိုဖြစ်နေတယ်လို.ထင်ပါတယ်။
Posted on 1:37 AM by garfield0031 and filed under | 0 Comments »
်အခုတလောနေလို.လည်းမကောင်းဘူး
ပျော်လည်းမပျော်ဘူး
အိမ်ကလူတွေနဲ.လည်းအဆင်မပြေဘူး
သူငယ်ချင်းတွေနဲ.လည်းမတွေ.ရဘူး
စိတ်ပဲတိုနေတယ်
တည်.တဲ.သူဆိုလို.ကျွန်တော.သားသားကြီးလေးပဲရှိတယ်
သားသားကြီးလေးကတော.အချစ်ဆုံးခွေးကလေးပေါ.
သူရှိနေလို.တော်သေးတယ်..............


Posted on 1:16 AM by garfield0031 and filed under | 0 Comments »
လူတစ်ယောက်ထံတွင်လောဘ၊ဒေါသ၊မောဟ တည်းဟူသော
မီးသုံးမီးတောက်လောင်ခဲ.လျှင်အတော်အတန်အားဖြင်.ငြိမ်းသတ်နိုင်ခြင်းငှာမတတ်နိုင်ခဲ.ကြပေ။

အမုန်း၊အငြိုး၊ကလဲ့စား တည်းဟူသောခံစစ်သုံးမျိုးဖြင့်သာပြန်လည်တုံ.ပြန်တိုက်ခိုက်ရန်
အသင်.ပြင်တတ်ကြသည်။ထိုသို.သောလူအမျိုးအစားထဲတွင်ကိုယ်တိုင်ပါဝင်နေကြောင်းတစ်ခါမှ
မတွေးမိခဲ.ပါ။

Posted on 1:10 AM by garfield0031 and filed under | 0 Comments »
မြင့်မြတ်ခြင်းနဲ့ရိုးသားမှုဆိုတာလူမျိုးနှင်မဆိုင်ဘူး
လူတစ်ဦးချင်းစီနဲ.သာသက်ဆိုင်တယ်........
Posted on 1:04 AM by garfield0031 and filed under | 0 Comments »
လောကမှာကိုယ.်လောက်အဖြစ်ဆိုးတဲ.သူရှိပါ.မလားလို.တွေးပြီးဝမ်းနည်းမနေပါနဲ.။
ကိုယ်မသိဘဲကိုယ်ထက်အဖြစ်ဆိုးတဲ့သူတွေအမြဲရှိနေတယ်။
တချို.သူတွေသုခခံစားနေရချိန်မှာတချို.ဆင်းရဲခံနေကြရတာရှိတယ်။
လောကမှာလူတွေကကိုယ်.အပူမှပူတယ်ထင်ကြတယ်။
ပင်လယ်ပြင်မှာမုန်တိုင်းမိလို.သင်းဘောမှောက်ပြီးလူပေါင်းထောင်ချီသေတယ်ဆိုတဲ.သတင်း
ဖတ်နေတဲ.သူဟာကိုယ်သောက်နေတဲ.လဘက်ရည်အချိုပေါ.သွားတာလောက်စိတ်မ၀င်စားဘူး။
ဘာလို.လဲဆိုတော.ကိုယ်ဆွေမျိုးမှမဟုတ်တာ......
သူ.မှာစာနာတတ်တဲ.အတွေးရှိရင်..............
Posted on 12:46 AM by garfield0031 and filed under | 0 Comments »
မင်းသိတ်နှောင်.နှေးနေလို.
မင်းဘ၀ ယိုယွင်းပျက်စီးသွားရတယ်.......
မင်းသိတ်အ၇င်လိုနေလို.
ကံကောင်းမှုတွေကုန်ဆုံးရတယ်
မင်းသိတ်စွဲမြဲနေလို.
မင်းဆုပ်ကိုင်ထားတာတွေလွတ်သွားရတယ်......

Francois Villon.....
Posted on 12:37 AM by garfield0031 and filed under | 0 Comments »

စာကလေးများ၊ဖေဖေ့ရဲ့လက်ဆောင်

နွေမိုးဆောင်းမနက်တိုင်းသသည် စာကလေးများ၏ အော်မြည်သံများနှင့်အတူ နိုးထရလေ့ရှိသည်။ "ငှက်ကလေးတွေက မနက်ဆို ဖေ့ဖေ့ကို နှိုးနှိုးနေတယ်သမီးရဲ့၊ ဖေ့နာမည်ကိုခေါ်ပြီးထတော့၊ထတော့နဲ့ ဒါကြောင့်ဖေဖေက အစောကြီးထရတာ...." ပြောသသည့်အတိုင်း ကျွန်တော့်ဖေဖေသသည် အစောကြီးထပြီး
သူတို့လေးတွေကို ဆန်လက်တစ်ဆုပ် ပက်ကျွေးနေကျဖြစ်၏။တခါတစ်ရံမှလာသော စပါးတွဲသည်ထံမှလည်း ၀ယ်ကျွေးပြန်သည်ပင်။ ကြာလာတော့စာကလေးတွေလည်း မကြောက်ကြတော့။သတိမေ့ပြီး မကျွေးမိလျှင်များ အိမ်အပြင် ဖိနပ်ချွတ်ကလေးအထိလာပြီးတောင်းသည်အထိယဉ်ပါးလာကြသည်။

ခွေးကလွဲပြီး ဘယ်တိရစ္ဆာန်ကိုမှ မချစ်တတ်တဲ့ ကျွန်တော်ကတော့ ဖေဖေ့စကားကို ဂရုတစိုက်မရှိခဲ့ပါ။ သူတို့ကိုလည်း အစာကျွေးလေ့မရှိပေ။"ငှက်ကလေးတွေ အစာစားတာကြည့်ပြီး ကြည်နူးတယ် ငှက်ကလေးတွေနှုးလို့ထရတဲ့ မနက်ခင်းလေး လှပတယ်လို့ " ပြောတဲ့ ဖေဖေလည်း မရှိတော့ပါ။ အချိန်မှန်လာတောင်းတတ်တဲ့သူတို့ကိုသနားပြီး ဖေဖေ့နေရာကို ကျွန်တော်ရောက်ခဲ့ပါပြီ။ဖေဖေ့ကိုသတိရ တိုင်းသူတို့ကို အစာကျွေးမိသည်။အစာကျွေးတိုင်းလည်း ဖေဖေ့ကိုသတိရတာပါပဲလေ။တစ်နေကုန်ဆိုရင် ဆန်နို့ဆီဗူး တစ်ဗူးလောက်အသာလေး ကုန်၏။

ဆန်တစ်ဆုပ်လောက်ပက်လိုက်ရင် အကောင်သုံးလေးဆယ်စုပြုံပြီးလာစားကြ၏။တစ်ခါတလေ ချိုးကလေးတွေပင် ပါလိုက်သေး။လာစားတတ်တဲ့ချိုးကလေးတွေကငါးကောင်ရှိသည်။ ကြည်နူးပီတိအဟုန်ကရင်ထဲမှာ အတိုင်းအဆမဲ့ပါ ။ သေသေချာချာလေးထိုင်ကြည့်ရင်တော့ တစ်ကောင်နဲ့တစ်ကောင် လုယက်စားပုံ၊မအေက ကလေးတွေကို ခွံကျွေးနေတာတွေ၊ ချစ်သူစုံတွဲလေးတွေတောင်တွေ့ရသေးသည်။ကျွန်တော့်မှာ အပြင်သွားရင်၊အိမ်မှာညမအိပ်ဖြစ်ရင် နောက်ဆံတင်းသလို အမြဲခံစားရသည်။သူတို့ကိုကျွေးတိုင်း "မမ အတွက်ဆုတောင်းပေးနော်"လို့ ဘာရယ် မဟုတ် ပြောမိသေးသည်။ လာလည်တဲ့သူငယ်ချင်းက "ဘာလို့ဆုတောင်းပေးရမှာလဲ " မေးတော့ဖြင့် သူကိုပေးစရာအဖြေမရှိ။

အခုတော့ စာကလေးတွေ နှိုးရတဲ့သူက ကျွန်တော်ဖြစ်နေပြီပေါ့။ဘယ်လောက်ပဲညဉ့်နက်မှအိပ်ပါစေ စာကလေးတွေရဲ့ အော်သံလေးကြားရင် ချက်ချင်း ထဖို့အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်ကတော့ ဒီအခြေအနေကလေးကို ဖေဖေပေးတဲ့ နော်က်ဆုံးလက်ဆောင်လေးလို့ သတ်မှတ်ပါတယ်။ဒီအိမ်ကလေးမှာ ကျွန်တော်ရှိနေသ၍ ဒီလိုလေးပဲ ကြည်နူးရအုံးမှာပါ။
Posted on 4:27 AM by garfield0031 and filed under | 2 Comments »