ဒီနေ.ကျွန်တော် video တစ်ကားကြည့်ပါတယ်။ကျွန်တော်အရမ်းကြိုက်တဲ.
ထက်ထက်မိုးဦးပါလို.ကြည့်တာပါ။ဇာတ်လမ်းနာမည်ကတော့"အမုန်းလျော်ကြေး"
ပါတဲ.။ဥက္ကာဗိုဆိုတဲ့ဒါရိုက်တာရိုက်ကူးထားတဲ့ဇာတ်လမ်းပါ၊ဇာတ်လမ်းကတော့တကယ်
ကောင်းတဲ့ဇာတ်လမ်းပါပဲ၊ဘုရားစူး......စိတ်ညစ်ဖို.၊ဘယ်လိုမှခံစားလို.မရတဲ.ဇာတ်လမ်းပါ
ဒါပေမယ့်ကျေနပ်ပါတယ်။ထက်ထက်မိုးဦးကိုကြည့်ရလို.ပါ။သူကတော့ဘယ်လိုနေနေ
ချစ်စရာကောင်းနေတာပါပဲ။ပြောချင်တာကမြန်မာဗီဒီယိုကားတွေပါထွက်နေတာတွေက
ပလူပျံနေတာပါပဲ။ကျွန်တော်အထင်တော့ဘာတစ်ခုမှကြည့်တဲ.သူတွေအတွက်မကျန်ဘူး
ထင်ပါတယ်။ကိုယ်ကျင့်တရား၊မျိုးချစ်စိတ်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ကျန်းမာရေး
ဘာကိုဆိုလိုချင်တာမှန်းကိုမသိရပါဘူး။ဟာသကားဆိုရင်လည်းယုတ္တိဘာတွေပြောနေဆိုနေမှန်း
မသိရဘူး။တစ်ခါတစ်လေတွေးမိတယ်မြန်မာဗီဒီယိုကားတွေဒီလောက်တောင်ဖြစ်နေပြီလားလို.ပါ။
ဦးတင်မောင်တို.ကျော်ဆွေတို.၀င်းဦးတို.ခေတ်ကလိုဘာလို့မကောင်းကြတော့တာလဲ။
တိမ်လွှာမို.မို.လွင် ဆိုကောင်းလိုက်တာ။ TV မှာလာတိုင်းကြည့်ရတာ
ရတာနာပုံဇာတ်ကားဆိုလည်းကလေးတုန်းကကြည်.လည်းငိုရတာပဲ။အခုနေကြည့်လည်း
မျက်ရည်ကကျမှာပဲအရမ်းနဲ.ကောင်းတာကိုး၊စိန်မြင့်ပါတဲ.အဖေတစ်ခုသားတစ်ခုဆိုရယ်လည်းရယ်ရ
တယ်ငိုလည်းငိုရတယ်။ဇာတ်ကားတွေကိုအဲ့လိုအနှစ်ပါပါလေးတွေဖြစ်စေချင်တာပါ။
ပြီတော.မင်းသား၊မင်းသမီးဆိုတာပရိတ်သတ်တွေရဲ.စံပြတွေပါ။ စကားပြောရင် သ နဲ.တ
မကွဲကြဘူး။တကယ်ပဲလား တမင်တကာလားမသိဘူးမြန်မာစကားကိုပီပီသသမပြောကြတာကို
အံ့သြမိတယ်။ကလေးတွေအတုခိုးမှားမှာတောင်စိုးရိမ်မိပါတယ်။
Posted on 2:07 AM by garfield0031 and filed under | 1 Comments »

1 comments:

Anonymous said... @ February 9, 2009 at 4:21 AM

ဗီဒီယိုတကားကို သုံးရက်နဲ့ရိုက်တယ်ဆိုတော့
ဒီလောက်တော့ရှိမှာပေါ့...သီးခံပါ မမရေ...