သမိုင်းထဲကသွေးဆေးကန်

သမိုင်းအထောက်အထားများအဆိုအရရွှေတိဂုံဘုရားအနီးတွင်တည်ရှိသော
သွေးဆေးကန်၏သက်တမ်းသည်ဗဒုံမင်းလက်ထက်ကပင်တည်ရှိခဲ့သည်ဟု
သိရသည်။သွေးဆေးကန်သည်ဆေးဘက်ဝင်ကြောင်းသတိပြုမိသည့်ပုဂ္ဂိုလ်
မှာဗဒုံမင်းလက်ထက်မြန်မာနိုင်ငံသို.ရောက်ရှိခဲ.သည့်ဗြိတိသျှလူမျိုး
(Captain Hiram Cox)ပင်ဖြစ်သည်။၎င်း၏"Journal Of A Residence In
The Burmhan Empire"တွင် Cox ကရွှေတိဂုံဘုရားအနီးတွင်ကန်တစ်ကန်
ရှိကြောင်းယင်းကန်အတွင်းရှိရေများသည်ဆေးဘက်ဝင်ကြောင်း၊ထိုအချက်ကို
ဒေသခံတိုင်းရင်းသားများနှင့်ဥရောပတိုက်သားတိ.ုမသိရှိကြကြောင်းမှတ်တမ်း
တင်ခဲ.သည်။
Cox သည်သွေးဆေးကန်နှင့်ပတ်သက်ပြီးကိုယ်တိုင်စူးစမ်းလေ့လာခဲ့ဟန်တူ
သည်။မှတ်တမ်းအရသွေးဆေးကန်အနီးရှိတောင်ကုန်းသ၏အပေါ်ယံမြေလွှာ
သည်စီလီကာကြွယ်ဝသောမြေလွှာ၊ဒုတိယအလွှာမှာသံဓါတ်ကြွယ်ဝသောဂ၀ံ
မြေလွှာ၊တတိယအလွှာမှာသံဓါတ်ကြွယ်ဝသောမြေနီနှင့်စီလီကာကြွယ်ဝသော
မြေရောတွင်အနီ၊အ၀ါ၊အပြာရောင်ရှိသောသံသတ္တုရိုင်းပိုမိုပါဝင်ကြောင်း၊
စတုတ္တအလွှာတွင်မြေစေးဖြူလွှာ၊ပဉ္စမမြေလွှာတွင်သံသတ္တုရိုင်း၊ဆဌမအလွှာ
တွင်စရစ်ဖြုန်းကျောက်လွှာဖြစ်ကြောင်း၊သံသတ္တုရိုင်းနှင့်အက်ဆစ်ပမာဏပိုများ
ကြောင်းဖော်ပြထာသည်။
ရေကန်တွင်းရှိရေ၏စမ်းသပ်စစ်ဆေးချက်များအရဤရေတွင်သံသတ္တု(Iron)သည်
ဆာလဖြူရစ်အက်ဆစ်နှင့်ဓါတ်ပြု၍သံသတ္တုဆားပျော်ဝင်နေသောရေဖြစ်ပြီး
မဂ္ဂနီဆီယမ်အောက်ဆိုက်အနည်းငယ်နှင့်ပိုတက်ဆီယမ်ကလိုရိုက်ဓါတ်ဆား
များပါပျော်ဝင်နေကြောင်းသတ္တုများပျော်ဝင်သောရေ(Mineral Water)ဖြစ်ကြောင်း
မှတ်တမ်းတင်ခဲ့သည်။
သွေးဆေးကန်မှရေသည်ဆေးဖက်ဝင်ကြောင်းCox၏တွေ.ရှိချက်ကိုထောက်ခံသည့်
မြန်မာအထောက်အထားများမှာ ၁၈၁၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ.စွဲဖြင့်ဗဒုံမင်းအမိန်.
တွင်.......ရန်ကုန်မြို.သွေးဆေးကန်မှ ရေလုံးရေ ၁၀ ကို ဟံသာဝတီမြို.၀န်က
ရွှေဖ၀ါးတော်
အောက် ကောင်းမွန်အောင် ဆောင်ယူဆက်သလာစေ................
ဟုပါရှိပါသည်။အမိန်.တော်အရသွေးဆေးကန်သည်ဗဒုံမင်းလက်ထက်ကပင်ရှိနေပြီး
ဆေးဖက်ဝင်ကြောင်းကိုသိရှိရပါသည်။ခေတ်ပြိုင်အထောက်အထားများသမိုင်းမှတ်တမ်းများ
အရသွေးဆေးကန်တည်ရှိခဲ့သည့်သက်တမ်းနှင့်ဆေးဖက်ဝင်သည့်ထူးခြားမှုကိုသိရှိရပါသည်။

ဆရာကြီးဒေါက်တာကျော်ဝင်း၏"နှစ်လေးဆယ်သမိုင်းရှာပုံတော်"
စာအုပ်မှထုတ်နှတ်တင်ပြပါသည်။

Posted on 1:03 AM by garfield0031 and filed under | 0 Comments »

0 comments: