စာကလေးများ၊ဖေဖေ့ရဲ့လက်ဆောင်

နွေမိုးဆောင်းမနက်တိုင်းသသည် စာကလေးများ၏ အော်မြည်သံများနှင့်အတူ နိုးထရလေ့ရှိသည်။ "ငှက်ကလေးတွေက မနက်ဆို ဖေ့ဖေ့ကို နှိုးနှိုးနေတယ်သမီးရဲ့၊ ဖေ့နာမည်ကိုခေါ်ပြီးထတော့၊ထတော့နဲ့ ဒါကြောင့်ဖေဖေက အစောကြီးထရတာ...." ပြောသသည့်အတိုင်း ကျွန်တော့်ဖေဖေသသည် အစောကြီးထပြီး
သူတို့လေးတွေကို ဆန်လက်တစ်ဆုပ် ပက်ကျွေးနေကျဖြစ်၏။တခါတစ်ရံမှလာသော စပါးတွဲသည်ထံမှလည်း ၀ယ်ကျွေးပြန်သည်ပင်။ ကြာလာတော့စာကလေးတွေလည်း မကြောက်ကြတော့။သတိမေ့ပြီး မကျွေးမိလျှင်များ အိမ်အပြင် ဖိနပ်ချွတ်ကလေးအထိလာပြီးတောင်းသည်အထိယဉ်ပါးလာကြသည်။

ခွေးကလွဲပြီး ဘယ်တိရစ္ဆာန်ကိုမှ မချစ်တတ်တဲ့ ကျွန်တော်ကတော့ ဖေဖေ့စကားကို ဂရုတစိုက်မရှိခဲ့ပါ။ သူတို့ကိုလည်း အစာကျွေးလေ့မရှိပေ။"ငှက်ကလေးတွေ အစာစားတာကြည့်ပြီး ကြည်နူးတယ် ငှက်ကလေးတွေနှုးလို့ထရတဲ့ မနက်ခင်းလေး လှပတယ်လို့ " ပြောတဲ့ ဖေဖေလည်း မရှိတော့ပါ။ အချိန်မှန်လာတောင်းတတ်တဲ့သူတို့ကိုသနားပြီး ဖေဖေ့နေရာကို ကျွန်တော်ရောက်ခဲ့ပါပြီ။ဖေဖေ့ကိုသတိရ တိုင်းသူတို့ကို အစာကျွေးမိသည်။အစာကျွေးတိုင်းလည်း ဖေဖေ့ကိုသတိရတာပါပဲလေ။တစ်နေကုန်ဆိုရင် ဆန်နို့ဆီဗူး တစ်ဗူးလောက်အသာလေး ကုန်၏။

ဆန်တစ်ဆုပ်လောက်ပက်လိုက်ရင် အကောင်သုံးလေးဆယ်စုပြုံပြီးလာစားကြ၏။တစ်ခါတလေ ချိုးကလေးတွေပင် ပါလိုက်သေး။လာစားတတ်တဲ့ချိုးကလေးတွေကငါးကောင်ရှိသည်။ ကြည်နူးပီတိအဟုန်ကရင်ထဲမှာ အတိုင်းအဆမဲ့ပါ ။ သေသေချာချာလေးထိုင်ကြည့်ရင်တော့ တစ်ကောင်နဲ့တစ်ကောင် လုယက်စားပုံ၊မအေက ကလေးတွေကို ခွံကျွေးနေတာတွေ၊ ချစ်သူစုံတွဲလေးတွေတောင်တွေ့ရသေးသည်။ကျွန်တော့်မှာ အပြင်သွားရင်၊အိမ်မှာညမအိပ်ဖြစ်ရင် နောက်ဆံတင်းသလို အမြဲခံစားရသည်။သူတို့ကိုကျွေးတိုင်း "မမ အတွက်ဆုတောင်းပေးနော်"လို့ ဘာရယ် မဟုတ် ပြောမိသေးသည်။ လာလည်တဲ့သူငယ်ချင်းက "ဘာလို့ဆုတောင်းပေးရမှာလဲ " မေးတော့ဖြင့် သူကိုပေးစရာအဖြေမရှိ။

အခုတော့ စာကလေးတွေ နှိုးရတဲ့သူက ကျွန်တော်ဖြစ်နေပြီပေါ့။ဘယ်လောက်ပဲညဉ့်နက်မှအိပ်ပါစေ စာကလေးတွေရဲ့ အော်သံလေးကြားရင် ချက်ချင်း ထဖို့အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်ကတော့ ဒီအခြေအနေကလေးကို ဖေဖေပေးတဲ့ နော်က်ဆုံးလက်ဆောင်လေးလို့ သတ်မှတ်ပါတယ်။ဒီအိမ်ကလေးမှာ ကျွန်တော်ရှိနေသ၍ ဒီလိုလေးပဲ ကြည်နူးရအုံးမှာပါ။
Posted on 4:27 AM by garfield0031 and filed under | 2 Comments »

2 comments:

caricature-sketch said... @ December 5, 2008 at 4:12 AM

မရေ .. မကစာကလေးတွေအကြောင်းပြောတော့ကျနော်
တို့အိမ်ရှေ့မှာ အစာလာစားကြတဲ့ခိုကလေးတွေ
ကိုသတိရတယ်.....

ထင်လင်းအောင် said... @ January 15, 2009 at 5:07 AM

မိဘရဲ့ ကောင်းမွန်တဲ့အလုပ်ကို ဆက်ပြီးလုပ်ဆောင်နေတဲ့ မ ဟာ
ပျော်ရွှင်စရာနေ့လေးတွေပိုင်ဆိုင်နိုင်မှာပါလေ....
ကျွန်တော် ဒီပိုစ့်လေးကို အရမ်းကြိုက်တယ်....